Missing Noir M (2015)
Score
Overview
ဇာတ်လမ်းအကြောင်း နည်းနည်းပြောရမယ်ဆိုရင် ဂီလ်ဆူဟျွန်းက အသက် ၁၀ နှစ်နဲ့ ဟားဗတ်တက္ကသိုလ်မှာ တက်ခွင့်ရခဲ့ပြီး ဘွဲ့ရပြီးတော့လည်း FBI မှာအလုပ်လုပ်နိုင်ခဲ့တဲ့ ဉာဏ်ကြီးရှင်တစ်ယောက်ပဲဖြစ်ပါတယ်။ အဲဒီလိုဉာဏ်ကြီးရှင် ဂီလ်ဆူဟျွန်းက သေနတ်မဆင်မခြင်သုံးမှုနဲ့ ကိုရီးယားက FBI ဌာနခွဲကို ပြောင်းခဲ့ရပြီးတော့ လူပျောက်ရှာဖွေရေး အထူးစုံစမ်းရေးတပ်ဖွဲ့ရဲ့ခေါင်းဆောင်အဖြစ် ပဟေဌိဆန်ဆန် လူပျောက်မှုတွေကို ရှာဖွေစုံစမ်းဖြစ်ခဲ့ပါတယ်။ အပြင်ပိုင်းမှာတော့ ပြီးပြည့်စုံတယ်လို့ထင်ရပေမဲ့ လျှို့ဝှက်ချက်ရှိသူ ဂီလ်ဆူဟျွန်းနဲ့ အနှစ် ၂၀ ကျော် စုံထောက်အဖြစ်လှုပ်ရှားခဲ့ပြီး လူပျောက်ရှာတဲ့နေရာမှာ ဆရာတစ်ဆူဖြစ်တာကြောင့် လူပျောက်ရှာဖွေရေး အထူးစုံစမ်းရေးတပ်ဖွဲ့ကို ဝင်လာရတဲ့ စုံထောက်အိုဒယ်ယောင်းတို့ ပူးပေါင်းပြီးတော့ လူပျောက်မှုတွေကို ဘယ်လိုဉာဏ်ရှိရှိနဲ့ ဖော်ထုတ်ကြမလဲဆိုတာကို ဒီ series လေးမှာ စိတ်ဝင်စားဖွယ် ကြည့်ရှုခံစားနိုင်ပါတယ်။
Content Score
94
Almost there...
Top Contributors
Popularity Trend
Login to report an issue