ممثلي السلسلة
الموسم الأخير
ရာသီ ၁
ကဲ....ဒီတစ်ခေါက်ကတော့ သင်္ချာချစ်သူတို့ အင်အားပြကြရမဲ့အချိန်ပါနော်... KITADA GAKU လို့ ခေါ်တဲ့ ကောင်လေးတစ်ယောက်ဟာ သင်္ချာဘာသာမှာ ပါရမီပါလာတဲ့ ကောင်လေးတစ်ယောက်ဖြစ်ပြီး သင်္ချာပညာရှင်တစ်ယောက်ဖြစ်လာဖို့အထိ စိတ်ကူးအိပ်မက်ရှိတဲ့သူပါ... ဒါပေမဲ့ တစ်နေ့မှာတော့ သူဟာ သင်္ချာပညာရှင်ဖြစ်ရမယ်ဆိုတဲ့ အိပ်မက်ကို လက်လျော့ပြီး လေလွင့်လူငယ်လေးတစ်ယောက်အဖြစ် ကိုရွေးချယ်ခဲ့ပါတယ်။ အဲဒီလိုနဲ့ လေလွင့်လူငယ်လေးဖြစ်နေတဲ့ သင်္ချာပါရမီရှင်လေးတစ်ယောက်ဟာ ASAKURA KAI လို့ခေါ်တဲ့ ကျွမ်းကျင်စားဖိုမှူးနဲ့ ဆုံတွေ့ပြီးတဲ့နောက်မှာ အချက်အပြုတ်လောကထဲကို ခုန်ဝင်လာရင်းကနေ သူကျွမ်းကျင်တဲ့ သင်္ချာဘာသာရပ်ဆိုင်ရာ အသိပညာတွေကို အသုံးချရင်း သူ့ရဲ့ ကိုယ်ပိုင်ဟင်းလျာတွေကို တီထွင် ဖန်တီးလာနိုင်ခဲ့ပါတော့တယ်။ ဒီတော့ သင်္ချာပညာရှင်တစ်ယောက်က တီထွင်လိုက်တဲ့ ဟင်းလျာတွေအကြောင်းကိုလေ့လာရင်း ချက်ပြုတ်တဲ့နေရာမှာ သင်္ချာဘာသာရပ်ကိုလည်း ဘယ်လို အသုံးချ လို့ရလဲဆိုတဲ့ လျှိဝှက်ချက်ကို သိနိုင်ဖို့ ဒီဇာတ်လမ်းလေးကို BLSFLIX CHANNEL ကနေ စောင့်မျှော်ကြည့်ရှုလိုက်ရအောင်ပါ။ #victor_khai
معلومات
الأسم الأصلي フェルマーの料理
الحالة مُنتهٍ
قناة
نوع مخطوطة
اللغة الأصلية اليابانية
الكلمات الدالّة
درجة المحتوى
100
نعم! تبدو جيدة!
اعلى المساهمين
اتجاه الشعبية
سجل الدخول للإبلاغ عن مشكلة