MH370: The Plane That Disappeared (2023)
Score
The truth doesn't just vanish.
Overview
ပြီးခဲ့တဲ့ မတ်လ ၈ ရက်နေ့က မလေးရှားMH370 လေယာဥ် ပျောက်ဆုံးသွားတာ ကိုးနှစ်ပြည့်ခဲ့တဲ့နေ့ပါ။ ၂၀၁၄ မှာ MH-370 ပျောက်ဆုံးသွားတဲ့သတင်းက တစ်ကမ္ဘာလုံးကိုရိုက်ခတ်ခဲ့ပါတယ်။ ခရီးသည် ၂၂၇ ယောက် လေယာဥ်ဝန်ထမ်း ၁၂ ယောက်ပါဝင်တဲ့ ခရီးသည်လေယာဥ်ကြီးက ကွာလာလမ်ပူ(မလေးရှား) ကနေ ဘေကျင်းကိုသွားတဲ့လမ်းမှာ အစအနရှာမရ ပျောက်ဆုံးသွားခဲ့ပါတယ်။ မလေးရှားအစိုးရ၊ နိုင်ငံတကာနဲ့ အရပ်သားတွေပါ ဝိုင်းဝန်းကူညီရှာဖွေခဲ့ပေမယ့် ယခုတိုင်အောင် လေယာဥ်ဘယ်မှာပျက်ကျသွားလဲ ဘာကြောင့်လဲ ဒီခရီးသည်တွေရောဘယ်ရောက်ကုန်ပြီလဲ အားလုံးက ပဟေဠိဖြစ်နေဆဲပါ။ သီအိုရီတွေကလဲများစွာထွက်ခဲ့ပါတယ်။ ဒီခရီးသည်တွေသေလားရှင်လားတောင်မသိရတဲ့ မိသားစုဝင်တွေအတွက်လဲယူကျုံးမရစရာပါပဲ။ သေသွားပြီ လို့ ခိုင်ခိုင်မာမာ သိရရင်တောင် လက်ခံနိုင်ကြပါဦးမယ်။ အခုတော့ သူတို့တွေ တစ်နေရာရာမှာများဒုက္ခရောက်နေကြမလား ကြောက်နေကြမလား လာကယ်တာကိုများစောင့်နေကြလား ဒီလိုမေးခွန်းပေါင်းများစွာနဲ့ ဝမ်းနည်းကြေကွဲမှုတွေ ရှုပ်ထွေးမှုတွေ ဒေါသတွေအားလုံးရောယှက်နေကြပါတယ်။
Series Cast
Last Season
Limited Series
2023 • 3 Episodes
Season 1 of MH370: The Plane That Disappeared premiered on March 8, 2023.
Facts
Status Ended
Network
Type Miniseries
Original Language English
Keywords
Content Score
94
Almost there...
Top Contributors
Popularity Trend
Login to report an issue