Episodios 12
အပိုင်းသစ် ၁
"ဂျိုဆွန်းက အထက်တန်းလွှာမမလေး ယွန်းနူဟာ ရှေးဆန်တဲ့လူ့အဖွဲ့အစည်းမှာ အထက်တန်းလွှာ အမျိုးသမီးတွေအတွက် ထုံးတမ်းစဉ်လာနဲ့ ဆန့်ကျင်တဲ့ အဝတ်တွေခိုးချုပ်ပြီး ဈေးမှာရောင်းတဲ့အလုပ် လုပ်ပါတယ်။ တစ်နေ့မှာတော့ ရဲတင်းပြီး အရှက်မဲ့တယ်လို့ သတ်မှတ်ခံရတဲ့ သူမအဝတ်တွေကြောင့် ဖမ်းဆီးပြီး အပြစ်ပေးခံရမယ့် အန္တရာယ်နဲ့ ကြုံရပါတယ်။ မကြာခင်မှာပဲ အနာဂတ်ခင်ပွန်းလောင်းကို မသိဖူး၊ မမြင်ဖူးဘဲ တခြားအထက်တန်းလွှာ မိသားစုတစ်ခုဆီကို အတင်းအကျပ် အိမ်ထောင်ချခံရလုနီးပါး ဖြစ်လာပါတယ်။ မင်္ဂလာပွဲပြီးတဲ့နောက် ခင်ပွန်းဖြစ်သူက လျှို့ဝှက်ချက်ကြီးတစ်ခု ဝေမျှလာပါတယ်။"
Ler máisအပိုင်း ၂
"ယွန်းနူတစ်ယောက် မျက်မှောက်ခေတ် ဆိုးလ်ကို ရောက်လာပါတယ်။ ရေကူးကန်ထဲမှာ ရေနစ်ခါနီးဖြစ်ခဲ့ပေမဲ့ ၂၀၂၃ ခုနစ်က အက်စ်အိခ်ျလုပ်ငန်းစု ဥက္ကဋ္ဌဂန်ရဲ့ မြေးဖြစ်သူ ဂန်ထယ်ဟာက သူမကို ကယ်တင်ခဲ့ပါတယ်။ လက်ရှိအခြေအနေကို နားမလည်ဘဲ ယွန်းနူက ဂန်ထယ်ဟာရဲ့သတို့သမီး ဖြစ်သွားပါတယ်။ ဥက္ကဋ္ဌဂန် ခွဲစိတ်မှု ရက်ရွှေ့လိုက်တာကြောင့် ဥက္ကဋ္ဂန် အမေရိကမသွားမချင်း ထယ်ဟာက လက်ထပ်ထားသလို ဆက်ဟန်ဆောင်ရမှာပါ။ သူတို့ရဲ့ဟန်ဆောင်လက်ထပ်မှုနဲ့ ပတ်သက်ပြီး စာချုပ်တစ်စောင်ရေးဖို့ ထယ်ဟာက ယွန်းနူကို အကြံပြုပါတယ်။"
Ler máisအပိုင်း ၃
"ယွန်းနူက ဂျိုဆွန်းကိုပြန်လို့ရတဲ့နည်းတွေ့ပြီလို့ ယုံသွားပြီး ၂၁ ရာစုက ထယ်ဟာနဲ့ ပထမဆုံးတွေ့ခဲ့တဲ့ ရေကန်ရှိရာဆီ ဦးတည်သွားပါတယ်။ နောက်တော့ ယွန်းနူက ကုမ္ပဏီကိုရောက်သွားပြီး အဲဒီမှာ ထယ်ဟာနဲ့ ပက်ပင်းတိုးကာ ဂျိုဆွန်းခေတ်က ပန်းချီကားတစ်ချပ်ကိုလည်း တွေ့ခဲ့ပါတယ်။ ယွန်းနူလည်း အဲဒီပန်းချီကားဟောင်းနဲ့ ပတ်သက်ပြီး သူသိထားတာတွေကို အသုံးချကာ ထယ်ဟာ့အနာဂတ်ကို ဖျက်ဆီးဖို့လုပ်နေတဲ့ ဟယ်ဆော့ရဲ့ထောင်ချောက်ထဲ မဝင်အောင် ကူညီပေးခဲ့ပါတယ်။"
Ler máisအပိုင်း ၄
"ထယ်မင်းက ကုမ္ပဏီမှာအလုပ်ဝင်လုပ်ပြီး ထယ်ဟာနဲ့ အရိုက်အရာယှဉ်လုမယ်လို့ မိသားစုကို ကြေညာလိုက်ပါတယ်။ ပြီးနောက် သူက ဘယ်သူ့ဘက်မှာ ရပ်တည်မယ်ဆိုတာ မဆုံးဖြတ်ရသေးဘူးလို့လည်း သူ့အမေကို သတိပေးလိုက်ပါတယ်။ ယွန်းနူကတော့ ဥက္ကဋ္ဌဂန်မွေးနေ့ပွဲမှာ ထယ်ဟာ့တစ်မိသားစုလုံးနဲ့ ဆုံရပါတယ်။ အဲဒီမှာ အိမ်အကူအသစ်အဖြစ် ဝင်လုပ်နေတဲ့ ဆာဝေါနဲ့ပါ ယွန်းနူ တွေ့ဖြစ်သွားပါတယ်။"
#victor_khai
Ler máisအပိုင်း ၅
"မင်ဟယ်ဆော့က မီဒမ်ဘက်ကနေ ထယ်ဟာ့အဆိုပြုချက်ကို ပယ်ချအောင်လို့ နောက်ထပ် လုပ်ငန်းအဆိုပြုချက်တစ်ခု ကမ်းလှမ်းလိုက်ပါတယ်။ ဒါအပြင် သူမက ယွန်းနူကို အသုံးချပြီး ထယ်ဟာ့မင်္ဂလာသတင်းနဲ့ ကုမ္ပဏီအခြေအနေကို မွှေနှောက်လိုက်ပါတယ်။ ယွန်းနူကတော့ ဂျိုဆွန်းကိုပြန်နိုင်ဖို့အရေး ချွန်းမြောင်းကို ထပ်တွေ့ရဖို့ မျှော်လင့်နေပါတယ်။"
#victor_khai
Ler máisအပိုင်း ၆
"အီမီဒမ်က ပန်းထိုးလက်ရာကိုမြင်ပြီးနောက်မှာ ယွန်းနူကို မီဒမ်ရဲ့ဧည့်သည်ဒီဇိုင်နာအဖြစ် ခန့်အပ်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ အဲဒီကနေမှတစ်ဆင့် ယွန်းနူဟာ အက်စ်အိတ်ခ်ျ ဆိုးလ်ရဲ့ တစ်နှစ်ပြည့်ပွဲမှာပါ ပါဝင်ခွင့်ရလာပြီး ဟယ်ဆော့ကတော့ အဲဒါနဲ့ပတ်သက်လို့ မကျေနပ်ပါဘူး။ နောက်ကျ ဟယ်ဆော့က စိတ်ဒဏ်ရာရထားတဲ့ ထယ်ဟာတစ်ယောက် မိသားစုအိမ်ရဲ့ အပြင်ဆောင်ထဲ မဝင်နိုင်တာကို သိထားပြီး ယွန်းနူနဲ့ မျှားခေါ်ဖို့လုပ်ပါတယ်။ ထယ်ဟာလည်း ယွန်းနူကိုကယ်ဖို့ အပြင်ဆောင်ထဲ အပြေးဝင်သွားပေမဲ့ နှလုံးက ဖောက်လာပါတယ်။"
#victor_khai
Ler máisအပိုင်း ၇
"ကုမ္ပဏီရဲ့အကြီးကျယ်ဆုံးပွဲ တစ်နှစ်ပြည့်အခမ်းအနားက နီးကပ်လာပါပြီ။ ဒါပေမဲ့ ယွန်းနူရဲ့ဒီဇိုင်းတွေကို တစ်ယောက်ယောက်က ပေါက်ကြားအောင် လုပ်လိုက်ပြီး အင်တာနက်မှာ ပြန့်သွားကာ ထယ်ဟာလည်း အခက်တွေ့ရပါပြီ။ ဥက္ကဋ္ဌကြီးကတော့ ထယ်ဟာနဲ့ ယွန်းနူတို့ကို ပွဲပရောဂျက် လက်လျှော့လိုက်ဖို့ ပြောပါတယ်။"
#victor_khai
Ler máisအပိုင်း ၈
"ထယ်ဟာနဲ့ မားကတ်တင်းတစ်ဖွဲ့လုံးက ဂျယ်ဂျူကျွန်းကို အပန်းဖြေခရီး ထွက်ကြပါတယ်။ ထယ်ဟာမရှိတုန်းမှာ မင်ဟယ်ဆော့က ထယ်ဟာ့ကျန်းမာရေးအခြေအနေကို အကြောင်းပြပြီး သူ့ကို ရာထူးကနေ ထုတ်ပယ်ဖို့ ကြိုးစားနေပါတယ်။ ယွန်းနူက ထယ်ဟာကို ခံစားချက်တွေဖွင့်ပြောလိုက်ပေမဲ့ ထယ်ဟာက အားလုံး ကိုအဆုံးသတ်သင့်ပြီလို့ ငြင်းဆိုလိုက်ပါတယ်။ ဆာဝေါကတော့ ယွန်းနူကို သတ်ခဲ့တာ ဂန်မိသားစုမှန်း သိသွားပါတယ်။"
#victor_khai
Ler máisအပိုင်း ၉
"ထယ်ဟာမိသားစုက သူ့သေတမ်းစာနဲ့ တိုက်ရိုက်ပတ်သက်နေတာကို ယွန်းနူသိသွားတဲ့အခါ ယူကျုံးမရဖြစ်သွားပါတယ်။ အခြေအနေတွေ ပြင်းထန်နေတုန်းမှာပဲ ကိုယ်စားလှယ်မင်က ထယ်ဟာကို လုံးဝဖြုတ်ချဖို့ ကြိုးစားပြီး သူ့ကြိုးစားမှုတွေက အန္တရာယ်များတဲ့စည်းကိုပါ ကျော်လာပါတော့တယ်။"
#victor_khai
Ler máisအပိုင်း ၁၀
"ဒီအတောအတွင်း ဥက္ကဋ္ဌဂန်ရဲ့အမိန့်နဲ့ ထယ်ဟာ့ကို စောင့်ကြည့်နေခဲ့တာဖြစ်ကြောင်း ဟာနာက ထုတ်ပြောလာပါတယ်။ ထယ်ဟာလည်း သူ့အဘိုးနဲ့ ထိပ်တိုက်သွားရှင်းရာက သူ့အမေကို သတ်ခဲ့တဲ့တရားခံက သူ့အဘိုးဖြစ်နေမှန်း သိသွားပါတယ်။ ယွန်းနူက မြေးဖြစ်သူကို တကယ်ချစ်တယ်ဆို စိတ်ရင်းနဲ့တောင်းပန်ဖို့ ဥက္ကဋ္ဌဂန်ကို ပြောပါတယ်။ အဲဒီအချိန်မှာ ဒါရိုက်တာဟွမ်းက သူ့သရုပ်မှန်ကို ဥက္ကဋ္ဌဂန်ဆီ ထုတ်ပြလိုက်ပါတယ်။"
#victor_khai
Ler máisအပိုင်း ၁၁
"ယွန်းနူက ထယ်ဟာကို ကယ်ဖို့အတွက် ဂျိုဆွန်းကိုပြန်ဖို့ ပြင်ဆင်နေပါတယ်။ ဒါပေမဲ့လည်း ထယ်ဟာကတော့ အခြေအနေတွေ ဘယ်လိုပဲဖြစ်ဖြစ် ယွန်းနူနဲ့ခွဲရမှာကို လက်မခံနိုင်ဘူးဖြစ်နေပါတယ်။ နှစ်ယောက်သား နှုတ်ဆက်ရဖို့ နှစ်ပတ်ပဲကျန်တော့တာကြောင့် သူတို့အတွက် နောက်ဆုံးအမှတ်တရဖြစ်သွားနိုင်တဲ့ ဒီအခိုက်အတန့်လေးကို ထယ်ဟာက တန်ဖိုးထားနေပါတယ်။"
#victor_khai
Ler máisအပိုင်း ၁၂ (ဇာတ်သိမ်းပိုင်း)
"ယွန်းနူက သူ့ကို ရေတွင်းထဲ ပစ်ချဖို့ လုပ်ပြီး ထယ်ဟာကို အဆိပ်ခတ်တာက သခင်မကြီးယွန်းဆိုတာ ဖော်ထုတ်လိုက်ပါတယ်။ ထောင်ကထွက်ပြေးလာတဲ့ ဒေါ့ဂူက ယွန်းနူကို လာတိုက်ခိုက်ပါတယ်။ ယွန်းနူလည်း ထွက်ပြေးရင်း စိတ်လျှော့လိုက်ကာ ချောက်ကမ်းပါးပေါ်ကနေ ခုန်ချလိုက်ပါတော့တယ်။"
Ler máis