Episodes 14

1

အပိုင်းသစ် ၁

0%
October 11, 202358m

"ဟယ်နာက သူ့ကျောင်းက ဆရာတစ်ယောက်ကို စိတ်ဝင်စားနေပါတယ်။ တစ်ရက်တော့ ဆရာတွေဆုံပြီး သောက်စားကြရာက အရက်မူးမူးနဲ့ အဲဒီဆရာဆီမှာ ချစ်ခွင့်ပန်ခဲ့ပါတယ်။ ဒါပေမဲ့ နမ်းလိုက်ပြီးမှ အဲဒီသူက သူနဲ့ဆို အမြဲကသိကအောက်ဖြစ်နေတတ်တဲ့ ဆရာဆောဝန်းမှန်း သိလိုက်ရပါတယ်။"

Read More

You need to be logged in to continue. Click here to login or here to sign up.

2

အပိုင်း ၂

0%
October 11, 202359m

"ဟယ်နာက ကျိန်စာဖြေဖို့အတွက် ဘိုဂယောင်းရယ် ဆောဝန်းရယ်နဲ့အတူ ထပ်တွေ့ကြဖို့ တောင်းဆိုပါတယ်။ အဲဒီလိုနဲ့ ဟယ်နာ၊ ဆောဝန်း၊ ဘိုဂယောင်းနဲ့ ချယ်အာတို့ လေးယောက်သားဟာ အခန်းလွတ်မြောက်မှုဂိမ်းကို သွားဆော့ဖြစ်ကြပြီး ဆောဝန်းက ပြန်တော့ဖို့ လုပ်ပေမယ့် ဟယ်နာကတော့ ည ၁၂ နာရီ ရောက်တဲ့ထိ အချိန်ဆွဲထားရမှာပါ။"

#victor_khai

Read More

You need to be logged in to continue. Click here to login or here to sign up.

3

အပိုင်း ၃

0%
October 18, 20231h 1m

"ဆောဝန်း ခွေးကြောက်တတ်မှန်း ဟယ်နာသိသွားပါတယ်။ ဟယ်နာက သူခွေးဖြစ်နေတုန်း ဆောဝန်းကို နမ်းဖို့ ကြိုးစားရမှာကြောင့် ပိုအခက်တွေ့နေပါတယ်။ တစ်ရက်မှာတော့ ဒုကျောင်းအုပ်က သူ့ခွေးကို ကျောင်းခေါ်လာတာကြောင့် ဆောဝန်း အင်မတန် ကြောက်စိတ်မွှန်နေရှာပါတယ်။ ဟယ်နာကတော့ ဆောဝန်း ခွေးကြောက်တတ်တာ ပေါ်မသွားအောင်လို့ အဘက်ဘက်ကနေ လိုက်ဖုံးပေးလို့နေပါတယ်။ ယူးကတော့ ဟယ်နာ ခွေးအသွင်ပြောင်းတတ်တာကို သိထားတဲ့သူ ဖြစ်သွားပါပြီ။"

#victor_khai

Read More

You need to be logged in to continue. Click here to login or here to sign up.

4

အပိုင်း ၄

0%
November 1, 20231h 1m

"ဆောဝန်းအိပ်နေတုန်း အခန်းထဲ ထည့်ပေးဖို့ ဟယ်နာက ယူးကို အကူအညီတောင်းပါတယ်။ ဆောဝန်း အိပ်ပျော်နေတုန်း ဟယ်နာနမ်းလိုက်ပေမဲ့ ကျိန်စာပြေမသွားခဲ့ပါဘူး။ တကယ်တော့ တစ်ဖက်လူက ပုံမှန်အသိစိတ်နဲ့ နိုးနေချိန်မှာ နမ်းမှသာ ကျိန်စာက ပြေနိုင်မယ်လို့ ဆိုပါတယ်။ ဒါကြောင့် တစ်ရက်မှာတော့ ဟယ်နာက ဆောဝန်း ခွေးကြောက်တဲ့ရောဂါကို သက်သာအောင် ကူညီပေးဖို့ ဆုံးဖြတ်လိုက်ပါတယ်။"

#victor_khai

Read More

You need to be logged in to continue. Click here to login or here to sign up.

5

အပိုင်း ၅

0%
November 15, 20231h 1m

"ဆောဝန်းက ဂျီဝန်တစ်ယောက် သူငယ်ချင်းတွေဆီမှာ အနိုင်ကျင့်ခံနေရတာကို မြင်သွားပါတယ်။ အနိုင်ကျင့်နေတဲ့ ဗီဒီယိုကို သက်သေအနေနဲ့ ရဖို့အတွက် ဟယ်နာက ခွေးအဖြစ်ပြောင်းသွားတုန်း အနိုင်ကျင့်ခဲ့တဲ့ ကျောင်းသူရဲ့ဖုန်းကို ခိုးယူခဲ့ပါတယ်။ နောက်တော့ ဂျယ်ဟီးကို အပြစ်ပေးဖို့ အနိုင်ကျင့်မှုဆန့်ကျင်ရေးကော်မတီက အစည်းအဝေးခေါ်ပါတယ်။ လက်စားပြန်ချေဖို့လုပ်နေတဲ့ ဂျယ်ဟီးဟာ ဆောဝန်းက သူ့ကို လိင်ပိုင်းဆိုင်ရာအရ ထိပါးပါတယ်ဆိုပြီး စွပ်စွဲပစ်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။"

#victor_khai

Read More

You need to be logged in to continue. Click here to login or here to sign up.

6

အပိုင်း ၆

0%
November 15, 20231h 2m

"ဂါရမ်အထက်တန်းကျောင်းကို ပြောင်းလာတဲ့ ကျောင်းသူသစ်ဂျီအာက နတ်ဆရာမဖြစ်နေပါတယ်။ သူက ဟယ်နာနဲ့ ဘိုဂယောင်းဆီကနေ ထူးဆန်းတဲ့စွမ်းအင်တွေကို သတိထားမိနေပါတယ်။ ဟယ်နာက ဆောဝန်းကို မနမ်းလိုက်နိုင်တာကြောင့် ကျောင်းလေ့လာရေးခရီးမှာ အခက်တွေ့နေပါတယ်။ အဲဒီအချိန်မှာ တချို့ကျောင်းသူလေးတွေက ညဘက် အပြင်ခိုးထွက်သွားတာကြောင့် ဟယ်နာတစ်ယောက် သူ့လျှို့ဝှက်ချက်ပေါ်သွားမှာကို မမှုနိုင်ဘဲ လိုက်ရှာရပါတော့တယ်။"

#victor_khai

Read More

You need to be logged in to continue. Click here to login or here to sign up.

7

အပိုင်း ၇

0%
November 22, 20231h 1m

"ယူနာရဲ့ရည်းစားဟောင်းက ဟယ်နာ့လျှို့ဝှက်ချက်အကြောင်းကို အွန်လိုင်းပေါ်တင်ပါတယ်။ ဆောဝန်းကို အထက်တန်းကျောင်းတုန်းက အနိုင်ကျင့်ခဲ့တဲ့ အွန်းဟွမ်းက ယူနာ့ရည်းစားဟောင်းရဲ့ပို့စ်ကို တွေ့သွားပြီး ဇာတ်လမ်းကို ယူလိုက်ပါတယ်။ ဟယ်နာ့အမေကတော့ ဟယ်နာကျိန်စာမိနေတာကို သိသွားပြီး ဟယ်နာ့ရည်းစားက ဘယ်သူဆိုတာ မေးပါတယ်။ ဟယ်နာလည်း ဆောဝန်းကို ထုတ်ပြောပြီး အကူအညီတောင်းဖို့ ဆုံးဖြတ်လိုက်ပါတော့တယ်။"

#victor_khai

Read More

You need to be logged in to continue. Click here to login or here to sign up.

8

အပိုင်း ၈

0%
November 29, 20231h

"ဂန်အွန်းဟွမ်းက ဟယ်နာ့ကို စုထားတဲ့ပိုက်ဆံတွေ အကုန်ထုတ်မပေးရင် လျှို့ဝှက်ချက်ကို ဖော်ပစ်လိုက်မယ်လို့ ခြိမ်းခြောက်ပါတယ်။ အွန်းဟွမ်းလုပ်ရပ်ကို သိသွားတဲ့ ဟယ်နာ့မိဘတွေက အွန်းဟွမ်းအိမ်ကို ကျူးကျော်ပြီး ဓာတ်ပုံတွေ ဗီဒီယိုမှတ်တမ်းတွေ အကုန်ဖျက်ပစ်ပါတယ်။ ဆောဝန်းကတော့ အွန်းဟွမ်းရဲ့ လိုင်းပေါ်ကပို့စ်ကို တွေ့ပြီး အွန်းဟွမ်းဆီ လိုက်သွားရာ သူက ပြန်ဖမ်းချုပ်ခံလိုက်ရပါတယ်။"

#victor_khai

Read More

You need to be logged in to continue. Click here to login or here to sign up.

9

အပိုင်း ၉

0%
December 6, 20231h 1m

"ဟယ်နာနဲ့ ဆောဝန်းတို့ တရားဝင်စတွဲကြပေမဲ့ အနီးအနားက ကျောင်းတစ်ကျောင်းမှာ ဆရာဆရာမအတွဲကို မိသွားတဲ့ဖြစ်ရပ် ရှိထားတာမို့ နှစ်ယောက်သား ကျောင်းမှာတော့ လျှို့ဝှက်နေကြရပါတယ်။ သူတို့နှစ်ဦးက လျှို့ဝှက်စွာ တွဲနေပေမဲ့လည်း သတိထားမိတဲ့လူတချို့ ရှိလို့နေပြန်ပါတယ်။ တစ်ရက်မှာ ဂျီအာက ဘိုဂယောင်းအတွက် ကတ်ဖတ်ပေးပြီး ဘိုဂယောင်းရဲ့သရုပ်မှန်ကို စသိသွားပါတယ်။"

#victor_khai

Read More

You need to be logged in to continue. Click here to login or here to sign up.

10

အပိုင်း ၁၀

0%
December 13, 20231h 2m

"တောင်နတ်မင်းက ရုံးတော်အရာရှိတွေလိုက်တာ ခံနေရတဲ့ သခင်မဟန်ကို ကယ်ပေးလိုက်ပါတယ်။ သခင်မဟန်က ထွက်ပြေးရင်း ကိုယ်ဝန်ပျက်ကျသွားတာကြောင့် စိတ်ထောင်းကိုယ်ကြေ ဖြစ်နေရှာပါတယ်။ သခင်မဟန်ရဲ့အစေခံ မာ့ဆွန်းကတော့ သူနဲ့အတူလိုက်လာပြီး အနီးကပ်ပြုစုပေးလျက် ရှိပါတယ်။ တောင်နတ်မင်းနဲ့ သခင်မဟန်တို့က အချိန်အတူကုန်ဆုံးတာ များလေ ပိုနီးစပ်လေ ဖြစ်လာပါတယ်။ တစ်နေ့မှာတော့ တောင်နတ်မင်းက သူ့ပိုင်နက်နားကို ဓားသမားတွေ ချဉ်းကပ်လာတာ အာရုံခံမိလိုက်ပါတယ်။"

#victor_khai

Read More

You need to be logged in to continue. Click here to login or here to sign up.

11

အပိုင်း ၁၁

100%
December 20, 20231h 1m

"ဟယ်နာရဲ့ဦးလေး ဒုံချောက လူသားအသွင်ပြန်ပြောင်းသွားပါတယ်။ ဒုံချောတစ်ယောက် အနမ်းမခံလိုက်ရဘဲ ကျိန်စာပြယ်သွားတာကြောင့် ဟယ်နာတို့မိသားစုက ထူးဆန်းတယ်လို့ တွေးနေပါတယ်။ ဘိုဂယောင်းကလည်း ဟယ်နာတို့တစ်မိသားစုလုံးကို ကျိန်စာတိုက်ထားတဲ့သူက သူပါဆိုပြီး ထုတ်ပြောလာပါတယ်။ နောက်တော့ ဆောဝန်းအပေါ်ထားတဲ့ အချစ်ကိုသာ စွန့်လွှတ်မယ်ဆိုရင် ကျိန်စာကို ဖျက်ပေးမယ်လို့ ပြောပါတယ်။"

#victor_khai

Read More

Crew 0

Directed by: No director has been added.

Written by: No writer has been added.

Guest Stars 4 Full Cast & Crew

  1. Kim Yi-kyeong

    Cho-young

  2. Park Gyu-young

    Mak-soon

  3. Cha Eun-woo

    Soo-hyun

  4. Song Young-ah

    Soo-hyun's Prospective Wife

Episode Images 1 View All Episode Images

You need to be logged in to continue. Click here to login or here to sign up.

12

အပိုင်း ၁၂

0%
December 27, 20231h

"ဆောဝန်းမှတ်ဉာဏ်အစား ဟယ်နာ့မှတ်ဉာဏ်တွေ အဖျက်ခံလိုက်ရတာကြောင့် ဆောဝန်းတစ်ယောက် သောကဝေရပါပြီ။ ဆောဝန်း ဟယ်နာ့နှလုံးသားကို ပြန်ရဖို့ အစွမ်းကုန်ကြိုးစားနေပေမဲ့ ထင်ထားသလို ဖြစ်မလာပါဘူး။ ဒါပေမဲ့ ဂျီအာဆီမှာတော့ သူနဲ့ ဟယ်နာတို့ တွဲခဲ့တယ်ဆိုတဲ့ မှတ်ဉာဏ်ကျန်နေသေးတာ ဆောဝန်းသိလိုက်ရပါတယ်။ ဂျီအာကတော့ သူ့အတိတ်ဘဝတုန်းက သေဆုံးခဲ့တဲ့ တောင်ဆီကို သွားကြည့်ပါတယ်။"

#victor_khai

Read More

You need to be logged in to continue. Click here to login or here to sign up.

13

အပိုင်း ၁၃

0%
January 3, 20241h 1m

"ဟယ်နာက ဆောဝန်းနဲ့ရှိခဲ့တဲ့ အမှတ်တရတွေကို တစ်ချက်တစ်ချက် ပြန်ပြန်သတိရနေပါတယ်။ ဆောဝန်း သူ့ကို နမ်းလိုက်ချိန်မှာတော့ သူတို့နှစ်ယောက်ကြား မှတ်ဉာဏ်တွေရှိခဲ့မှန်း ဟယ်နာပိုသေချာသွားခဲ့ပါတယ်။ တောင်နတ်မင်းကတော့ ချိုယောင်းသေဆုံးခဲ့တဲ့ အကြောင်းရင်းမှန်ကို သိလိုက်ရပြီး တောက်လျှောက် သူအထင်လွဲနေခဲ့တာမှန်း သိသွားပါတယ်။ ဒါကြောင့် တောင်နတ်မင်းက ဟယ်နာကို မှတ်ဉာဏ်တွေ ပြန်ပေးဖို့ ဆုံးဖြတ်လိုက်ပါတော့တယ်။"

#victor_khai

Read More

You need to be logged in to continue. Click here to login or here to sign up.

"ကျိန်စာနဲ့ အတိတ်အကြောင်းကို အလုံးစုံ သိပြီးသွားချိန်မှာတော့ ဟယ်နာနဲ့ ဆောဝန်းတို့ အချင်းချင်း ခံစားချက်တွေကို အပြည့်အဝနားလည်သွားကြပါတယ်။ တစ်နှစ်ကြာသွားခဲ့ပါပြီ။ ဆောဝန်းရဲ့မွေးနေ့လည်း ဆယ်ရက်ပဲ လိုတော့တာကြောင့် ဟယ်နာက ထင်မှတ်မထားဖွယ် အဓိပ္ပာယ်ထူးခြားတဲ့ လက်ဆောင်ကို ပေးနိုင်ချင်နေပါတယ်။ ဟယ်နာက အဲဒီထူးခြားတဲ့လက်ဆောင်ကို ကျောင်းပွဲတော်မှာ ဆောဝန်းကိုပေးဖို့ ပြင်ဆင်ထားပါတယ်။ ပွဲတော်နေ့မှာတော့ မဖိတ်ထားတဲ့ဧည့်သည်တစ်ယောက်လည်း ရောက်လို့လာပါတယ်။"

#victor_khai

Read More

You need to be logged in to continue. Click here to login or here to sign up.

Back to top

You need to be logged in to continue. Click here to login or here to sign up.

Can't find a movie or TV show? Login to create it.

Global

s focus the search bar
p open profile menu
esc close an open window
? open keyboard shortcut window

On media pages

b go back (or to parent when applicable)
e go to edit page

On TV season pages

(right arrow) go to next season
(left arrow) go to previous season

On TV episode pages

(right arrow) go to next episode
(left arrow) go to previous episode

On all image pages

a open add image window

On all edit pages

t open translation selector
ctrl+ s submit form

On discussion pages

n create new discussion
w toggle watching status
p toggle public/private
c toggle close/open
a open activity
r reply to discussion
l go to last reply
ctrl+ enter submit your message
(right arrow) next page
(left arrow) previous page

Settings

Want to rate or add this item to a list?

Login