Last Film Show (2022)
Score
The future belongs to storytellers.
Overview
အိန္ဒိယရဲ့ ယခင်ဟိုဘက်ခြမ်း ပါကစ္စတန်ကားတစ်ကားကလည်းအော်စကာ ပဏာမစာရင်းထဲဝင်ခဲ့သလို အိန္ဒိယက ကားကလည်း ရှားရှားပါးပါး စာရင်းထဲဝင်လာခဲ့တယ်။ဒီကားက မြင်နေကြုံနေကျ အိန္ဒိယကားတွေနဲ့ ကွဲထွက်တယ်လို့ ပြောရမှာပေမဲ့ အသစ်တော့မဟုတ်ဘူးပေါ့။ဒါပေမဲ့ တော်တော်လေး ကြည့်ဖို့တန်တဲ့ကားပါပဲ။ရုပ်ရှင်ကိုချစ်တဲ့လူတွေဆို ရုပ်ရှင်ကိုချစ်တဲ့အကြောင်း ရိုက်ပြထားတဲ့ ကားတွေကို ပိုသဘောကျတတ်တယ်မလား။အိန္ဒိယကားတွေ ကြည့်စမရှိရင်တောင် ရုပ်ရှင်တွေကိုချစ်တယ် ရေးကို ကြိုက်တယ်ဆိုရင် ကြည့်သင့်တဲ့ရုပ်ရှင်ပါပဲ။ဒီရုပ်ရှင်ဟာ ရုပ်ရှင်ကို ခက်ခက်ခဲခဲကြည့်ရတဲ့ ကောင်လေးတစ်ယောက်အကြောင်းပါ။ သူကတော့ ဖလင်ခေတ်ကပေါ့။ဒီဘက်ခေတ်လို ဘာမဆိုဒေါင်းလုတ်ဒ် လုပ်လို့ရတဲ့ ခေတ်ကြီးမှာတော့ ဒါမျိုးအခက်အခဲတွေ မရှိလောက်တော့ပါဘူး ထင်ကောင်းထင်ကြလောက်ပေမဲ့ ရှိတော့ရှိနေတာပါပဲ။ကိုယ်တွေ့တင် 5G တောင် တွင်ကျယ်လာတော့မယ့် ၂၁ရာစုကြီးမှာ 2G တောင်ပြည့်ရဲ့လားမသိအောင် လိုင်းဖြတ်ခံထားရတဲ့ အရပ်က သူငယ်ချင်းတစ်ယောက်သူကြည့်ချင်တဲ့ကားကြည့်ရဖို့ တော်တော်အပင်ပန်းခံနေရတာလည်း မျက်မြင်ပါပဲ။
-
Director, Writer
Original Title છેલ્લો શો
Status Released
Original Language Gujarati
Budget $2,000,000.00
Revenue -
Keywords
Content Score
100
Yes! Looking good!
Top Contributors
Popularity Trend
Login to report an issue