Pushpa: The Rise (2021)
Score
Overview
ပူစပါရာဂျူးဟာမယားငယ်တစ်ယောက်ကမွေးတဲ့သားတစ်ယောက်ဖြစ်တဲ့အတွက် မျိုးရိုးနာမည်မရှိတဲ့အပြင်အမြဲတမ်းအနှိမ်ခံအပြောခံရတဲ့ဘဝနဲ့နေထိုင်ခဲ့ရတဲ့သူဖြစ်ပါတယ် အဲ့ဒီအတွက်ကြောင့်မလို့ပူစပါရာဂျူးဟာ လူလေးစားခံရပြီးငွေကြေးချမ်းသာတဲ့သူတစ်ယောက်အမြဲတမ်းဖြစ်ချင်ခဲ့တာပါတစ်နေ့မှာတော့ပူစပါရာဂျူးဟာစန္ဒကူးပင်တွေကိုမှောင်ခိုခိုးထုတ်တဲ့ဆီမှာကူလီသမားအဖြစ်ဝင်လုပ်ရင်း ရဲတွေဖမ်းတာကနေလွတ်အောင်ကူညီပေးနိုင်ခဲ့ပါတယ် ဒီလိုနဲ့ပူစပါရာဂျူးတစ်ယောက်ကူလီသမားလေးဘဝကနေ သစ်မှောင်ခိုကူးတဲ့နေရာမှာ ၄% အမြတ်ယူပြီးလုပ်ငန်းလုပ်ပေးတဲ့ပါတနာတစ်ယောက်ဖြစ်လာပါတော့တယ် ဉာဏ်ကောင်းတဲ့ပူစပါရာဂျူးဟာရဲတွေလက်ထဲကနေအမျိုးမျိုးကြံဖန်ပြီးလွတ်အောင်လုပ်ပေးနိုင်တဲ့အတွက် စန္ဒကူးပင်တွေကိုမှောင်ခိုကူးတဲ့သူဌေးကြီးတွေကလည်းမျက်စိကျလာပါတော့တယ်ဒီလိုနဲ့ပူစပါရာဂျူးတစ်ယောက်ဘဝမှာတိုးတက်လာတယ်လို့ပြောလို့ရတဲ့အခြေအနေကိုရောက်လာပါတော့တယ် ပူစပါရာဂျူးအနေနဲ့ဒီလိုပဲရဲတွေမဖမ်းမိအောင်ရှောင်တိမ်းရင်းနေသွားနိုင်မလား မှောင်ခိုသမားတို့သွားရာလမ်းအတိုင်းပဲထောင်ထဲမှာအဆုံးသတ်ရမလားဆိုတာကိုတော့ဇာတ်လမ်းထဲမှာ ဆက်လက်ကြည့်ရှုပေးကြပါဦးနော်
-
Director, Writer
Original Title పుష్పా - The Rise
Status Released
Original Language Telugu
Budget -
Revenue $44,880,143.00
Keywords
Content Score
100
Yes! Looking good!
Top Contributors
Popularity Trend
Login to report an issue