The Good Nurse (2022)
Score
Based on the unthinkable true story.
Overview
ဖြစ်ရပ်မှန်ကိုအခြေခံရိုက်ကူးထားပြီး Netflix ကထုတ်လွှင့်တဲ့ ဒီကားကတော့ Must Watch စာရင်းထဲပါတဲ့ ဇာတ်ကားကောင်းဆိုလည်း မမှားပါဘူးရှင် တစ်နေ့ ပါ့ခ်ဖီးဆေးရုံကြီးကိုချာလီဆိုတဲ့ Male Nurse တစ်ယောက်အလုပ်လာလုပ်ခဲ့တယ် အေမီဆိုတာကတော့ ဆေးရုံမှာမသိတဲ့လူမရှိ လူချစ်လူခင်ပေါတဲ့ သူနာပြုတစ် ယောက် ဒီလိုနဲ့ လူသစ်ချာလီကို ကူညီပေးရင်းသူတို့နှစ်ယောက်ရင်းနှီးသွားခဲ့ကြတယ် ချာလီကသူမထင်ထားတာထက် ဖော်ရွေသဘောကောင်းပြီး ကျန်းမာရေးမ ကောင်းတဲ့သူမကို အရမ်းဂရုစိုက်ပေးခဲ့တော့ တွဲဖက်ကောင်းတွေဖြစ်သွားခဲ့ကြတာပေါ့ ဒါပေမယ့် မကြာခင်မှာပဲ ဆေးရုံကလူနာတွေ ရုတ်တရက်ကြီးသေဆုံးသွား ကြပါတယ် ဆုံးပါးတဲ့လူနာတိုင်းကိုစစ်ကြည့်တော့လည်း အင်ဆူလင်ဆေးကြောင့်ဆိုတာထွက်ပေါ်လာတော့ ဆေးရုံဘုတ်အဖွဲ့က မသင်္ကာလို့ ရဲတွေအကြောင်း ကြားပြီး ဒီအမှုကိုစုံစမ်းခိုင်းပါတော့တယ် ဒီလိုနဲ့ ICU မှာတာဝန်ကျသူနာပြုတွေကိုစုံစမ်းရင်း လူသစ်ချာလီက ထူးဆန်းစွာဆေးရုံပေါင်း၉ခုမှာ အလုပ်လုပ်ခဲ့ ကြောင်းတွေ့ရှိလာခဲ့တဲ့နောက်မှာတော့ တကယ်ပဲချာလီကဒီလူတွေသေတာနဲ့ပတ်သက်နေတာလား လူသတ်သမားက ဘယ်သူဖြစ်နိုင်မလဲဆိုတာ ဆက်လက်ခံ စားကြည့်ရှုလိုက်ကြပါရှင် ။
-
Director
-
Screenplay
Status Released
Original Language English
Budget -
Revenue -
Keywords
Content Score
100
Yes! Looking good!
Top Contributors
Popularity Trend
Login to report an issue