The Jewel Thief (2023)
Score
One man made high crime a work of art
Overview
ဒါလေးကတော့ အပြင်မှာ တကယ်ရှိခဲ့တဲ့ ဖန်တီးမှုကောင်းမွန်ပြီး ဉာဏ်ထက်တဲ့ ပါရမီရှင် ရာဇဝတ်သား (ဂျရယ်ဒန်နီ ဘလန်းချက်) တစ်ယောက်ရဲ့ အကြောင်းရိုက်ထားတဲ့ မှတ်တမ်းရုပ်ရှင်လေးပဲ ဖြစ်ပါတယ်။ မိဘအရင်းတွေက မွေးပြီးတာနဲ့ ၆ ရက်သားမှာ မွေးစားဖို့ ပေးလိုက်လို့ မွေးစားမိခင်ကြီးနဲ့ ကြီးပြင်းခဲ့ရတဲ့ ကနေဒါနိုင်ငံ ဝင်နီပဒ်က မျက်မှန်ကြီးနဲ့ လူငယ်လေးတစ်ယောက်ကနေ ဘယ်လိုဖြစ်လာမလဲပေါ့။ သူဟာ သာမန်စတိုးဆိုင်ကမြေပုံလောက် အလစ်သုတ်ရာကနေ တခြားနိုင်ငံက တော်ဝင်စိန်တုံး ခိုးတဲ့ထိပါ နာမည်ကြီးလာတဲ့ ရာဇဝတ်သားတစ်ယောက်။ ဒီလိုနဲ့ ငယ်ဘဝမှာ ပစ္စည်းတွေအလစ်သုတ်နည်း၊ ဖြတ်ပိုင်း အတုလုပ်နည်း၊ အဲဒီကနေမှ ATM တွေ ဝင်ဖောက်တဲ့နည်း နောက်ကျ နိုင်ငံခြားက စိန်ပါခိုးတဲ့ထိ အဆင့်ဆင့် ဘယ်လိုမျိုး ဆင့်ကဲပြောင်းလဲလာတယ်ဆိုတာကို သူကိုယ် တိုင်အပါအဝင် သူ့ အမေ၊ သူငယ်ချင်းတွေ၊ သူ့ကို ဖမ်းဆီးခဲ့တဲ့ ရဲသား ၂ ယောက်ရယ်၊ တခြား သက်ဆိုင်ရာလူတွေက ဇာတ်ကြောင်း ပြန်လည်ပြောဆိုထားပြီး တင်ပြတဲ့နေရာမှာလည်း သူ တကယ်ရိုက်ကူးခဲ့တဲ့ ဗီဒီယိုမှတ်တမ်းတွေနဲ့ အဖြစ်အပျက်တွေကိုလည်း သေချာဆင်တူပြန်ရိုက်ပြီး ပုံဖော်ထားတာပါ။
-
Director
Top Billed Cast
We don't have any cast added to this movie. You can help by adding some!
Status Released
Original Language English
Budget -
Revenue -
Keywords
Content Score
71
Just a little bit more...
Top Contributors
Popularity Trend
Login to report an issue