Encino Man (1992)
Score
When the stone age meets the rock age.
Overview
ဒီရုပ်ရှင်မှာ ဘရန်ဒန်ကြီးက ရေခဲခေတ်ကလူအနေနဲ့ သရုပ်ဆောင်ထားတယ်။ ရေခဲခေတ်မှာ ရေခဲတုံးထဲခဲသွားပြီး ဒီဘက်ခေတ်မှာမှ အဲဒီရေခဲတုံးကြီး အရည်ပျော်ပြီး ဒီဘက်ခေတ်ကို ရောက်လာတဲ့သူပေါ့။ သူ့ကိုတွေ့သွားတဲ့ ဒေ့ဆိုတဲ့ကောင်လေးက အိမ်နောက်ဖေးမှာ ရေကန်တူးရင်း တွေ့သွားတာ။ ဒေ့ နေရာကို Sean Astin က သရုပ်ဆောင်ထားတယ်။ သူ့ကိုလည်း သိကြမှာပါ။ ဂန္ထဝင်ရုပ်ရှင် LoTR မှာ ဖရိုဒိုရဲ့ဘော်ဒါ ဟော့ဘစ်လေး ဆမ်အဖြစ် သရုပ်ဆောင်ခဲ့တဲ့ သူပါပဲ။ The Goonies မှာလည်း သူနဲ့ Ke Huy Quan တို့ အတူသရုပ်ဆောင်ခဲ့ဖူးတယ်။ သူ့သူငယ်ချင်းအဖြစ်တော့ Pauly Shore က သရုပ်ဆောင်ထားတယ်။ ဒီကားရဲ့ အခရာထဲ Pauly နဲ့ ဘရန်ဒန်နဲ့ ဒေ့တို့ကြားက Chemistry ကလည်း တစ်ချက်ပါပါလိမ့်မယ်။ ကီကတော့ သူတို့တက်တဲ့တက္ကသိုလ်က ဂိကျောင်းသားအဖြစ် သရုပ်ဆောင်ထားတယ်။ ဒီလိုနဲ့ ရေခဲခေတ်လူသားကြီးနဲ့ ဒီဘက်ခေတ်ကောင်လေး၂ယောက်ဟာ ဘယ်လိုဗရုတ်သုတ်ခတွေ ကြုံကြမလဲ၊ ဘယ်လိုမျိုး အချစ်တွေပေးကြမလဲကိုတော့ ဘရန်ဒန်ကြီးရဲ့ အလန်းစားသရုပ်ဆောင်ကွက်တွေနဲ့အတူ Encino Man မှာ ရှု့စားကြရမှာပါ။
-
Director
-
Screenplay