Cursed Friends (2022)
Score
Scariest. Movie. Ever.
Overview
၂၀၀၂ ခုနှစ် ဟောလိုးဝင်းကာလမှာ အဲရစ်ကာတို့ သူငယ်ချင်း လေးယောက်ဟာ သကြားလုံး လိုက်တောင်းရင်း M.A.S.H ဆိုတဲ့ ကစားနည်း စာအုပ်ကိုရလာခဲ့ပါ တယ်။ အဆိုပါ ကစားနည်းစာအုပ်ဟာ အနာဂတ်ကို ကြိုတင်ခန့်မှန်းပြီး ကစားရတာဖြစ်ပါတယ်။ အဲရစ်ကာတို့လည်း ထိုကစားနည်းကို ကစားခဲ့ပြီးတော့မေ့မေ့ ပျောက်ပျောက်ပဲ ဖြစ်သွားခဲ့ပါတယ်။ သူတို့မသိလိုက်တာက အဆိုပါစာအုပ်ဟာကစားသူတွေကို ကျိန်စာတိုက်တယ်ဆိုတာ ပါပဲ။ ၂၀၂၂ ခုနှစ်ဟောလိုးဝင်းကာလ မှာတော့ အဲရစ်ကာလည်း သူ့မွေးရပ်မြို့ကို အလုပ်အင်တာဗျူးအတွက် ပြန်လည်ရောက်ရှိလာပြီး သူငယ်ချင်း လေးယောက် ဆုံတွေ့ဖြစ်ကြပါတယ်။ ထိုနေ့မှာပဲ ငယ်စဉ်က ကစားခဲ့ဖူးတဲ့ စာအုပ်ကိုပြန်လည်ရှာတွေ့ပြီး ကျိန်စာအသက်ဝင်လာပါတော့တယ်။ စာ အုပ်က ကျိန်စာတွေကို လွန်ဆန်ဖို့ ကြိုးစားကြရင်းအဲရစ်ကာတို့ သူငယ်ချင်းတစ်သိုက် တလွဲဖြစ်ကြပုံတွေကို ဟာသများနဲ့ ကြည့်ရှု့ရမှာဖြစ်ပါတယ်။
-
Director
-
Writer
-
Writer