Score
Overview
Bakasuran ဇာတ်ကားမှာတော့ Aruvamaဟာ စစ်သားဘဝကနေ အငြိမ်းစားယူပြီးနောက်မှာ YouTube channel ကနေ မူခင်းဗီဒီယိုတွေ အကြောင်းကို တင်ဆက်ပြသနေတဲ့ Youtuber တစ်ယောက်ပဲဖြစ်ပါတယ်။ အမှုစုံစမ်းတဲ့နေရာမှာ အရမ်းတော်တဲ့ Aruvama တစ်ယောက်က ရဲဌာနက မူခင်းတွေကိုလဲ ကူညီ ဖြေရှင်းပေးနေသူလဲဖြစ်တယ်။ တစ်နေ့မှာတော့ Aruvamaရဲ့ တူမလေး Ramyaတစ်ယောက်ဟာ ကိုယ့်ကိုကိုယ် သတ်သေသွားခဲ့ပါတယ်။ သတ်သေရတဲ့ အကြောင်းအရင်းက မိဘတွေစီစဉ်ပေးတဲ့ သတို့သားလောင်းနဲ့ လက်မထပ်ချင်လို့ဆိုပြီး လူတွေက ထင်ထားကြပေမဲ့ Aruvamaတစ်ယောက်ကတော့ Ramyaတစ်ယောက် သတ်သေရတဲ့ အကြောင်းအရင်းမှန်ကို ရှာတွေ့ခဲ့တယ်။ Ramyaဟာ ပြည်တန်ဆာလုပ်ငန်းမှာ ပါဝင်ပတ်သတ်နေပြီးတော့ လူတစ်ယောက်ကလဲ သူ့ကိုခြိမ်းခြောက်နေတဲ့အတွက် ရွေးချယ်စရာမရှိဘဲနဲ့ သတ်သေသွားခဲ့တာပဲဖြစ်တယ်။ Aruvamaတစ်ယောက် တူမဖြစ်သူ Ramya ကိုသတ်သေအောင် ဖိအားပေးခဲ့တဲ့ လူသတ်သမားကို ရှာဖွေနိုင်မလားဆိုတာကို ကြည့်ရှူကြပါအုံး။
-
Director, Writer